ဒီ Software လေးကတော့ Windows တွေကို Manage လုပ်ရာမှာ တော်တော် အသုံးတဲ့တယ်ဗျ… Window တွေ Move, Resize, Minimize, Close စတာတွေလုပ်တာမှာ Keyboard shortcut လဲမလို၊ ရွှေ့ချင်၊ ပိတ်ချင်ရင်လဲ Title bar ထိသွားနေစရာမလိုပဲ ရောက်တဲ့ နေရာနေ Mouse Button တွေသုံးပြီး လုပ်လို့ရပါတယ်။ အသစ်အဆန်းသုံးချင်တဲ့သူတွေ အတွက်ပေါ့…. ကျနော်တော့ တော်တော် သဘောကျတယ်…
- Right-button နဲ့ Drag ဆွဲရင် Window တစ်ခုရဲ့ ဘယ်နေရာနေမဆို Move လုပ်လို့ရပါတယ်။
- တစ်ခါတစ်လေမှာ Resolution နိမ့်တဲ့ မော်နီတာတွေမှာ ရှည်တဲ့ Dialog Box တွေကို အကုန်ပေါ်အောင် ပြမပေးနိုင်ပါဘူး… အောက်ပိုင်းမှာ ပါတဲ့ Option တွေ၊ OK, Cancel, Apply button တွေဟာ Taskbar ရဲ့ အောက်ထဲကို ဝင်နေပါတယ်.. အဲဒါတွေ မြင်ရအောင် အပေါ်လဲထပ်တင်မရဖြစ်တတ်ပါတယ်.. အဲလို အခါမျိုးမှာ Ctrl + Right-button နဲ့ Drag လုပ်ပြီး အပေါ်ကို ဆွဲတင်လို့ ရပါတယ်။
- Shift + Right-button နဲ့ Drag ဆွဲရင် Move or Resize မှာ 10 pixels စီ ရွှေ့ပေးမှာဖြစ်ပါတယ်။ တိတိကျကျ ချိန်လို့ရတာပေါ့။
- Window တစ်ခုရဲ့ ဘယ်နေရကနေမဆို Right-button ကို ဖိထားပြီး Left-button ကို Click လိုက်ရင် Minimize လုပ်ပေးမှာ ဖြစ်ပါတယ်။
- Right-button ကို ဖိထားပြီး Middle-button (Wheel Mouse တွေမှာဆိုရင် Wheel ပေါ့) ကို Click ရင် Close လုပ်ပေးပါမယ်။
- Right-button ကို ဖိထားပြီး Wheel ကို လှည့်မယ်ဆိုရင်တော့ Alt + TAB နှိပ်တာနဲ့ အတူတူပါပဲ။ Keyboard ကို သွားမနှိပ်ရတော့တာပေါ့။
ဒါတွေကတော့ အသုံးများတဲ့ဟာတွေပေါ့. ကျန်တဲ့ Features တွေကိုတော့ Manual မှာ ဖတ်ကြည့်ဗျာ…
Source: NiftyWindows
that’s my first visit.
i like ur blog n thz for sharing.