Optimizing WordPress: SEO Tips

အခုနောက်ပိုင်းမှာ blog ဆိုရင် Wordpress နဲ့ပဲလိုလိုကို ဖြစ်လာကြပါပီ.. ကျနော်တို့တွေ ပို့စ်အကောင်းတွေတင်တယ်… လာဖတ်တဲ့လူတွေကလဲ ဒီပို့စ်တွေကို social network မှာ share ပြန်လုပ်ကြ.. RSS feed ယူထားကြနဲ့.. သူတို့ ဒါတွေကို ဘယ်လောက် ဖတ်ချင်စိတ်ရှိတယ်ဆိုတာကို ပြနေကြတာပါပဲ.. ဒါပေမယ့်.. အဲဒါ ကိုယ့်ပတ်ဝန်းကျင် အသိုင်းဝိုင်းလေးထဲမှာတင်ပါ.. ဒီလို သူငယ်ချင်း အပေါင်းအသင်းကတဆင့် ကိုယ့်ဆိုက်ကို traffic တွေဝင်လာပေမယ့်.. search engine တွေကတော့ ကျနော်တို့တွေရဲ့ဆိုက်ကို လစ်လျူရှုထားဦးမှာပါပဲ.. အဲတော့ ဆိုက်ကို search engine တွေ သတိထားမိအောင် လုပ်ရမယ့် တာဝန်ကျန်သေးတာပေါ့.. အဲဒါကို Search Engine Optimization လို့ခေါ်ပါတယ်.. SEO လို့ အတိုကောက်သုံးပါတယ်.. အခု Wordpress blog တစ်ခုအတွက် သုံးသင့်တဲ့ SEO technique လေးတွေ ပြောသွားပါမယ်..

Tips to Optimizing Wordpress SEO

Optimize your titles

Wordpress က default အနေနဲ့… Blog title ကို ရှေ့ကအရင်လာပီး.. Post title က နောက်ကဆက်လိုက်လာပါတယ်.. Search Engine အများစုက.. <title> tag ထဲမှာပါတဲ့ ပထမဆုံး 50-64 character ကို ပြပေးပါတယ်.. တကယ်လို့ ကိုယ့် Blog title က ရှည်နေရင် Post title ကို ပြည့်စုံအောင် ပြမပေးနိုင်တော့ပါဖူ။.. အဲတော့ Post title – Blog title လာတာက ပိုကောင်းတာပေါ့… ဥပမာ…

YourSiteName.com - Tips for Making WordPress Friendly to Search Engines

ဆိုတာထက်.. ဒီလိုက ပိုကောင်းပါတယ်..

Tips for Making WordPress Friendly to Search Engines - YourSiteName.com

Post title က ရှေ့ဆုံးကလာဖို့ အဓိက အချက် ၂ ချက်ရှိပါတယ်..

  1. Search Engine တွေက Post title တွေကို ကြည့်ပီး.. ရေးပါတဲ့ Keyword တွေနဲ့ Index ခွဲပါတယ်.. အဲတော့ Post title ရှေ့က လာတာကို Search Engine တွေက ပိုသဘောကျပါတယ်..
  2. အဓိပ္ပါယ် ပြည့်စုံတဲ့ Post title တွေက User ရော Search Engine အတွက်ပါ.. သူတို့ ဝင်မကြည့်ခင် ဒီ page က ဘာကြောင်းအရာလဲဆိုတာကို တိတိကျကျပြောပေးနိုင်ပါတယ်…

ဒီ title format တွေအတွက် template file ရဲ့ code တွေကို ဝင်မပြင်ဘဲနဲ့ GUI ကနေပြင်ချင်တယ်ဆိုရင် All in One SEO wordpress plugin က ကူညီပေးပါလိမ့်မယ်.. အောက်မှာ ကျနော် လက်ရှိထားတဲ့ title format ပါ..

Title format - All in One SEO

Use good meta descriptions

Wordpress က auto generate လုပ်ပေးတဲ့ meta description တွေကလဲ ပြည့်စုံသလောက် ကောင်းပါတယ်.. ဒါပေမယ့်.. page တစ်ခုချင်းစီအတွက် high page ranking လိုချင်ရင်တော့.. post တိုင်းမှာ description ကောင်းကောင်း ရေးပေးဖို့လိုပါလိမ့်မယ်…

High Ranked Page

အခုလို ပို့တိုင်းအတွက် description ရေးထည့်ချင်ရင်လဲ All in One SEO မှာ ပါပါတယ်..

Per Page Description - All in One SEO

ဒီ screen shoot ၂ ခုကိုပဲကြည့်ပါ.. ဒီလို search လုပ် မယ့် keyword တွေ များများပါမယ့် description ကောင်းကောင်းရေးတာ high ranking ရဖို့ အရေးကြီးတယ်ဆိုတာ သိလောက်ပါပီ.. search result မှာ 5-10 အတွင်းမှာ ဝင်နိုင်ပါတယ်… page rank မြင့်ကြပါစေ..

Rewrite your URLs with permalinks

permalink ဆိုတာကတော့ ကျနော်တို့ ပို့စ်တစ်ခုစီအတွက် link တွေကိုပြောတာပါ… wordpress ရဲ့ default permalink structure က ဒီလိုပါ…

http://googoo.orangeblack.net/?p=423

ကဲကြည့်လိုက်.. ဘာအဓိပ္ပာယ်မှ မရှိပါဖူး.. ဒီလိုလေးဆို ပိုမကောင်းဖူးလား..

http://googoo.orangeblack.net/tutorials/wordpress/optimizing-wordpress-seo-tips/

blog address/category-title/post-title ဆိုတော့.. search engine တွေအတွက်လဲ index လုပ်ရတာ အဆင်ပြေတယ်.. user တွေအတွက်လဲ ဒီ page က ဘာအကြောင်းအရာလဲဆိုတာ ရှင်းရှင်းလင်းလင်းသိတယ်.. အဲလို လုပ်ဖို့ကတော့.. Wordpress backend က Setting မှာ Permalinks ကို သွားလိုက်ပါ.. Custom Setting မှာ ပြင်ရပါမယ်.. ကျနော်ကတော့ blog address/category-title/post-title format ထားပါတယ်..

Custom Permalinks Setting

category title မပါချင်ရင်တော့ /%postname%/ ပဲထည့်လိုက်ပေါ့… အဲ ဒီလိုလုပ်လိုက်ရင် RSS feed မှာတို့ Search Engine တွေမှာတို့က အရင် permalink အဟောင်းတွေပဲ ပြမှာမို့ 404 Not Found page တွေတက်ပါလိမ့်မယ်.. အဲဒါကို ဖြေရှင်းဖို့ redirection plugin သုံးလိုက်ပါ… ပီးတော့ post title ကို မြန်မာလို ရေးတဲ့ လူတွေလဲ permalink ကိုတော့ အင်္ဂလိပ်လို ရေးကြပါလို့ အကြံပေးချင်ပါတယ်..

Use Breadcrumbs

Breadcrumb ဆိုတာကတော့ navigation system လိုပါပဲ… user တွေကို သူတို့ ဘယ်နေရာမှာ ရောက်နေလဲဆိုတာကိုပြတာပါ..

Breadcrumbs

ဒီ Breadcrumb သုံးရင် user တွေအတွက် navigation လုပ်ရတာလဲ အဆင်ပြေတယ်.. search engine တွေအတွက်လဲ site ရဲ့ structure ကို လွယ်လွယ်ကူကူ သိနိုင်ပါတယ်.. ကျနော်ကတော့ Yoast Breadcrumb plugin ကို သုံးထားပါတယ်..

Generate an XML Sitemap for search engines

XML Site map ဆိုတာကတော့ search engine crawler တွေ နားလည်နိုင်မယ့် ဆိုက်ရဲ့ machine-readable structure ပါ.. မှန်ကန်တဲ့ sitemap ထားပေးတာဟာ search engine တွေအတွက် အများကြီး အထောက် အကူဖြစ်ပါတယ်.. ဒီအတွက်လဲ plugin တွေ အများကြီးရှိပါတယ်.. ကျနော်သုံးတာတော့ Google XML Sitemap Generator ပါ..

Google XML Sitemap Generator

ဒီ plugin က Google, Bing, Yahoo and Ask.com တို့နဲ့ အဆင်ပြေမယ့် sitemap ကို generate လုပ်ပေးပါတယ်.. ပို့စ်အသစ်တင်တိုင်းလဲ major search engine တွေကို ping ပီး အသစ်တင်ထားကြောင်း အကြောင်းကြားပေးပါတယ်..

Describe your post images meaningfully

ပုံတွေမှာလဲ keyword ဆန်တဲ့ description အတိုလေးတွေ alt နဲ့ title မှာထည့်ပေးသင့်တာပဲ.. အဲလို ထည့်ထားခြင်းအားဖြင့်.. image search တွေကနေလဲ ကိုယ့်ဆိုက်ကို traffic တွေ ဝင်လာနိုင်ပါတယ်.. ပုံတွေ save မှတ်တဲ့ အခါမှာလဲ.. တိုတိုနဲ့ အဓိပ္ပာယ်ရှိရှိ နာမည်မျိုးကို dash လေးတွခြားပီး မှတ်သင့်ပါတယ်.. google-sitemap-generator.jpg လိုမျိုးပေါ့.. (ကျနော်တော့ FireShot က နေ direct upload လုပ်တာမို့ file name တွေ မပြင်နိုင်ပါဖူး)

Link to related posts

ဆိုက်မှာ ဆင်တူ related/similar content တွေကို search engine တွေက သိဖို့အတွက်.. Related Post တွေပြပေးဖို့လဲ လိုအပ်ပါတယ်.. ဒီလိုထည့်ထားတာဟာ Visitor တွေအတွက်လဲ သူတို့ စိတ်ဝင်စားတဲ့ ဆင်တူပို့စ်တွေကို အလွယ်တကူ သွားဖတ်နိုင်ပါတယ်.. Related Posts အတွက်လဲ plugin တွေ အများကြီးပါ.. ကျနော် သုံးထားတာကတော့ Efficient Related Posts ပါ..

Related Posts

Efficient Related Posts

Use good keywords in post headings

search engine တွေက keyword တွေ သတ်မှတ်တဲ့ နေရာမှာ heading level ကိုလဲ ထည့်တွက်ပါတယ်.. အဲတော့ post title က <h1> နဲ့ ဖြစ်ဖို့ အရေးကြီးပါတယ်.. Front page မှာတော့ Blog name က <h1> ဖြစ်သင့်ပေမယ့်.. Single post နဲ့ Category post တွေမှာ.. post title တွေဟာ <h3> ထက် မနိမ့်သင့်ပါဖူး.. blog title က <h1> ဆိုတာ သေချာဖို့ Theme Editor မှာ header.php ကို သွားလိုက်ပါ.. များသောအားဖြင့်တော့ <div id=”header”> အောက်မှာ ပါတာများပါတယ်.. ကျနော့ theme မှာဆို ဒီလိုပါ..

<div id="header">
 <div>
 <h1><a href="<?php echo get_option('home') ?>/" title="<?php bloginfo('name') ?>" rel="home"><?php bloginfo('name') ?></a></h1>

post တွေ page တွေ အတွက်လဲ စစ်ရပါဦးမယ်.. ဒီလို ဖြစ်သင့်ပါတယ်..

<h1><a href="<?php the_permalink(); ?>"><?php the_title(); ?></a></h1>

ဒါကို ရှာဖို့ကလဲ လွယ်ပါတယ်.. များသောအားဖြင့်.. Theme ရဲ့ single.php, page.php ရယ်.. archive တွေမှာ ပါတတ်ပါတယ်..

Avoiding duplicate content with robots.txt

Wordpress မှာဆိုရင် post တွေကို နေရာတော်တော်များများမှာ ပြတတ်ပါတယ်.. index, tag pages, archives, author pages, and category pages တို့မှာပေါ့.. အဲဒီမှာ content တွေ ထပ်ကုန်တော့တာပဲ.. အဲလို မျိုးဆို search engine တွေက သဘောမကျပါဖူး.. အဲတော့ ကိုယ်မသွားစေချင်တဲ့ နေရာတွေကို spider တွေ မသွားဖို့အတွက် robot.txt file ရေးထားပီး ပြောလို့ရပါတယ်.. အောက်က code ကို ယူသုံးလဲ ရပါတယ်..

User-agent: *
 Allow: /

Disallow: /wp-content/
 Disallow: /trackback/
 Disallow: /wp-admin/
 Disallow: /archives/
 Disallow: /*?
 Disallow: /*.js$
 Disallow: /*.inc$
 Disallow: /*.css$
 Disallow: */trackback/
 Disallow: /c/
 Disallow: /author/
 Disallow: /tag/

User-agent: Mediapartners-Google
 Allow: /

User-agent: Adsbot-Google
 Allow: /

User-agent: Googlebot-Image
 Allow: /

User-agent: Googlebot-Mobile
 Allow: /

#User-agent: ia_archiver-web.archive.org
 #Disallow: /

Sitemap: http://googoo.orangeblack.net/robots.txt

ဒီလိုမျိုး မရေးတတ် မပြင်တတ်ရင်လဲ Robots Meta plugin ကို သုံးလို့ရပါတယ်.. သူက wordpress က default generate လုပ်ပေးတဲ့ robot.txt ဖိုင်ကို GUI ကနေ ပြင်လို့ ရပါတယ်…

Robots Meta

ကဲ ဒီလောက်ဆို တော်တော် ပြည့်စုံသွားပါပီ.. ဒါတွေ လိုက်လုပ်တာ အချိန်ကုန်ပေမယ့်.. တစ်ရက်ကို နည်းနည်းချင်း လုပ်သွားပါ.. တစ်ပတ်လောက်နေရင် SEO Optimized Blog တစ်ခုကို ရလာမှာပါ.. နောက်တစ်ခေါက် Wordpress Security ပိုင်း ရေးပါမယ်.. :)

Source: SixVisions

Tags: , , , ,

Related Posts:

3 Comments

  1. ကျွန်တော် ပြင်လိုက်တာ page တွေမှာ 404 error တွေတက်ပြီး ဘာမှမပါတော့ဘူး ၊ redirection plugin ကျတော့ ကျနော်မထည့်တက်လို့ ကိုနိုင် ၊ အဲ့ဒါ ဘာဆက်လုပ်သင့်လည်းဗျ ။

  2. အရင် ဟာတွေပဲ 404 ပြမှာပါဟ… ငါ့ဆီလဲ ပြတာပဲ.. Regular Expression နဲ့ လုပ်လို့တော့ရတယ်.. ငါလဲ မအားလို့ သေချာ မစမ်းရသေးဖူး.. နောက်မှ သေချာပြောပြမယ်.. လောလောဆယ်လုပ်ချင်ရင် 404 ပြတဲ့ လင့်တွေကို redirection plugin မှာ log အနေနဲ့လာပြတယ်.. အဲလင့်တွေကို လင့်အသစ်နဲ့ redirect လုပ်ပေးထားလိုက်..

  3. ဟုတ်ကဲ့ ကိုကြီး ၊ ညီလေးသေချာပြန်စမ်းလိုက်ဦးမယ် ၊ စမ်းလိုက်တိုင်း Theme ကပျောက်ပျောက်သွားတယ် phoehtein.co.cc not font error ဆိုပြီး ဘာမှတက်မလာတော့ပဲ ၊ Theme ကိုပြန်ပြန်ဒေါင်းပြီးပြန်တင်နေရလို့ ၊ ပြန်ပြန်ဖြည့်နေရလို့ဂျ ၊ စိတ်ရှည်ရှည်ရှင်းပြပေးတာ ကျေးဇူးဗျ ၊ အဆင်ပြေတဲ့နေ ဘီဘီတိုက်မယ် :D အဆင်မပြေတာကများနေလို့ :P

Post a Comment

Your email is never published nor shared. Required fields are marked *

*
*