Change Your Forgotten Windows Password

Password Incorrect

Virus ကြောင့်ဖြစ်ဖြစ်.. ကိုယ့်ဟာကို ပြောင်းရင်းမှားရိုက်မိတာဖြစ်ဖြစ်… မေ့တာဖြစ်ဖြစ်… password မသိတော့ရင် ဒီလိုပြန်လုပ်လို့ရပါတယ်.. XP/Vista/7 အကုန် support လုပ်တယ်လို့ရေးထားပါတယ်… ကဲလိုတဲ့ Tools တွေအရင် download လုပ်ရအောင်…

System Rescue CD

ImgBurn (CD/DVD burning software မရှိသေးရင်)

အဓိကကတော့ System Rescue CD iso image ကို  CD ပေါ် burn ဖို့ပါ.. ကြိုက်တဲ့ burning software သုံးလို့ရပါတယ်.. ImgBurn သုံးခဲ့မယ်ဆိုရင်တော့… ပုံမှာပြထားတဲ့အတိုင်း Write image file to disc ကို နှိပ်ပါ…

ImgBurn 1

Source မှာ System Rescue iso file ရဲ့ path ကို ရွေး.. Destination မှာ CD/DVD writer ကို ရွေးပီး.. Burn Image ကို နှိပ်ပါ..

ImgBurn 2

ကဲ… password ကို reset လုပ်မယ်… အခုလုပ်ထားတဲ့ boot CD နဲ့ boot တက်လိုက်ပါ… Basic Usage တွေပြထားတဲ့ screen တက်လာပါမယ်…

SystemRescue CD

ပထမဆုံးလုပ်ရမှာက hard disk ကို mount လုပ်ရမှာ… အောက်က command ရိုက်ထည့်လိုက်ပါ…

ntfs-3g /dev/sda1 /mnt/windows –o force

-o force က shut down မှန်မှန်ကန်ကန်လုပ်ထားရင် မလိုပါဖူး.. လုပ်မထားရင်တော့ လိုတယ်နော်.. ပီးရင် df -m command နဲ့ hard disk ကို mount လုပ်ပီးမပီး… hard disk တစ်လုံးထက်ပိုရှိရင် windows တင်ထားတဲ့ဟာ ဟုတ်မဟုတ် စစ်လို့ရပါတယ်… ဒီနေရာမှာတော့ /mnt/windows မှာ mount လုပ်မှာပေါ့…

SystemRescue

ပီးရင် windows password တွေ သိမ်းတဲ့ SAM file ရှိတဲ့ Windows/System32/config ဆီသွားရမယ်… Install လုပ်တုန်းကအပေါ်မူတည်ပီး path တော့ အပြောင်းအလွဲရှိမယ်နော်.. များသောအားဖြင့် ဒီတိုင်း install လုပ်ကြတာများပါတယ်..

cd /mnt/windows/Windows/System32/config

SAM file

password ပြောင်းရင် chntpw command ကိုသုံးရမှာပါ…  password မပြောင်းခင် အောက်က command နဲ့ SAM file ထဲမှာ ပါတဲ့ username တွေကြည့်လို့ရပါသေးတယ်.. ပိုသေချာတာပေါ့…

chntpw –l SAM

Username in SAM

ကဲ.. ပြောင်းဖို့ကတော့ chntpw ကို -u argument နဲ့ username ထည့်ပေးရမှာပါ..ဒီမှာတော့ username က geek ပေါ့..

chntpw –u geek SAM

အောက်က screen ပြပါလိမ့်မယ်…

Reset Password screen

အဲဒီမှာ 1 ဆိုရင် blank password ထားပေးမယ်.. 2 ဆိုရင် new password ရိုက်ထည့်ခိုင်းမယ်.. 2 ရိုက်ထည့် enter ခေါက်ပီး password အသစ်ပေးလိုက်တာ ကောင်းတာပဲ… save လုပ်မှာလား မေးရင် y ရိုက်ထည့်ပေးလိုက်ရုံပဲ…

New password

password ကတော့ ပြောင်းလို့ပီးပါပီ…. reboot လို့ ရိုက်ထည့်ပီး restart လုပ်ရုံပါပဲ…

Reboot

Source: HowToGeek

Tags: , , , , , , , ,

Related Posts:

Post a Comment

Your email is never published nor shared. Required fields are marked *

*
*