HTML 5.. browser တိုင်းမှာ fully support မလုပ်သေးလို့ သုံးဖို့ မသင့်သေးဖူးဆိုပေမယ့်… နောင်သုံးဖို့အတွက် ကြိုတော့ လေ့လာထားရမှာပဲ.. Webmonkey က Tutorial လေးကောင်းလို့ ပြန်တင်ပေးလိုက်တယ်..
What’s different about HTML 5?
အရင်နဲ့ ဘာတွေကွာသွားလဲဆိုတော့ ပိုပြီး နားလည်လွယ်တဲ့ စနစ်ကျတဲ့ Tag အသစ်တွေ.. Canvas, Offline Storage စတဲ့ API တွေ… Native Audio/Video support တွေပေါ့… ဒါပေမယ့် လောလောဆယ်တော့ browser တိုင်းက support မလုပ်သေးပါဖူး.. Firefox, Chrome, Safari, Opera တို့ကတော့ New Tag တွေကို support လုပ်နေပါပီ.. IE 6 မှာတောင်မှ JavaScript code လေး နည်းနည်းထည့်မေးရုံနဲ့ New Tag တွေကို လက်ခံအောင် လုပ်လို့ရပါတယ်.. တစ်ခုသတိထားရမှာက Browser တွေမှာ Tag အသစ်တွေ အတွက် Default style မပါတာပဲ.. အဲကျ ကိုယ်က ထည့်ပေးရမှာပေါ့.. ပီးတော့ inline element အနေနဲ့ အလုပ်လုပ်တယ်.. block style ပေါ်ချင်ရင် CSS မှာ display:block; ထည့်ပေးလိုက်ရုံပါပဲ..
ကဲ Tag အသစ်တွေ လေ့လာကြည့်ရအောင်…
Read More »
Tags: 5, design, HTML, tutorial, web
အရင်နှစ်တွေက ကိုယ်ပဲ အွန်လိုင်းအမြဲမသုံးလို့လား.. မလေ့လာဖြစ်လို့လားတော့ မသိဖူး.. သိပ်သတိမထားမိဖူး.. အခု ၂၀၀၉ မှာတော့ Technology တွေက ကမ္ဘာမှာရော.. မြန်မာမှာပါ ဘာမှ မဆိုင်အောင် ပြောင်းလာတယ်.. Social Network တွေ၊ Blog တွေ၊ အရင်က Desktop application တွေ Web ပေါ်ရောက်လာတယ်.. Cloud computing အတွက် ပြင်ဆင်လာကြတယ်.. Mobile OS တွေ၊ application တွေ အများကြီးထွက်လာတယ်.. မြန်မာမှာလဲ အများကြီးပါ.. Gtalk2SMS, Eng-Myan Translation, Zawgyi 2009 and Keyboard for most popular mobile devices… ကြာရင် Web က Digital device တိုင်းမှာ ရတော့မယ်… အောက်က ပုံမှာသာကြည့်တော့..

ကဲ ၂၀၀၉ ကတော့ ထားလိုက်ပါတော့.. ပီးသွားပီပဲ… နောက်နှစ် အတွက်ပဲ ပြင်ဆင်ရအောင်.. ဘာတွေ Hot ဖြစ်လာနိုင်မလဲ…. Read More »

Genre: Alternative/Modern Rock
Year: 2009
File Size: 69.07MB
01. Stoned
02. Spaceship
03. Keep It Together
04. Out Of My Way
05. Blood On The Table
06. The Only Reason
07. Pitchin’ A Fit
08. Uno Mas
09. Better Place
10. Hooky
Download Here!

Virus ကြောင့်ဖြစ်ဖြစ်.. ကိုယ့်ဟာကို ပြောင်းရင်းမှားရိုက်မိတာဖြစ်ဖြစ်… မေ့တာဖြစ်ဖြစ်… password မသိတော့ရင် ဒီလိုပြန်လုပ်လို့ရပါတယ်.. XP/Vista/7 အကုန် support လုပ်တယ်လို့ရေးထားပါတယ်… ကဲလိုတဲ့ Tools တွေအရင် download လုပ်ရအောင်…
System Rescue CD
ImgBurn (CD/DVD burning software မရှိသေးရင်)
အဓိကကတော့ System Rescue CD iso image ကို CD ပေါ် burn ဖို့ပါ.. ကြိုက်တဲ့ burning software သုံးလို့ရပါတယ်.. ImgBurn သုံးခဲ့မယ်ဆိုရင်တော့… ပုံမှာပြထားတဲ့အတိုင်း Write image file to disc ကို နှိပ်ပါ…

Source မှာ System Rescue iso file ရဲ့ path ကို ရွေး.. Destination မှာ CD/DVD writer ကို ရွေးပီး.. Burn Image ကို နှိပ်ပါ.. Read More »
Tags: 7, how-to, passowrd, reset, tips, tricks, vista, Windows, xp


တွေ့ဖူးကြမှာပါ.. သူငယ်ချင်းတွေ နောက်ပီး ခြောက်တဲ့ဟာမျိုးတွေလေ.. အပေါ်ကပုံမှာဆိုလဲ ဂိမ်းလေး ဆော့ကောင်းနေတုန်း.. ဖြုန်းဆို… အောက်က ပုံကြီးပေါ်လာတာမျိုး… အဲဒါမျိုးတွေရတဲ့ဆိုက်တွေကတော့…
ScaryAndFun
ManiacWorld
Winterrowd
ScaryForKids

ကဲ… အဟောင်းမှ အကောင်းထင်သူများအတွက်.. ဟီး.. အဲလိုလဲဟုတ်ပါဖူး.. တချို့က ပုံစံပြောင်းသွားရင် မျက်စိလည်တတ်ကျလို့..
Downloads
version: 1.1 download (58KB, revised December 12, 2009)
version: 1.0 download (57KB, revised November 19, 2009) source code (C++)

Google ကလဲ shorten url service goo.gl ကို စပေးနေပါပီ။ Officially အနေနဲ့ Google Toolbar နဲ့ Feedburner service တို့ကနေတဆင့်ပဲ ယူသုံးလို့ရမယ်လို့ ပြောထားပါတယ်။ ဒါပေမယ့် Developer တွေကလဲ မြန်ပါတယ်.. Chrome အတွက် extension 3 ခု တောင် ext: gallery ထဲမှာ ရောက်နေပီ… ChromeMUSE, goo.gl shortener, shortener/share on Twitter extension
Chrome သုံးနေကျလူမဟုတ်ရင်တော့ http://gaigalas.net/lab/googl မှာသွားပီး shorten လုပ်လို့ရပါတယ်..

Tags: chrome, extension, goo.gl, shorten, url
Database ပျက်ပီးထဲက.. ပြန်လဲလုပ်ပီးရော လူလဲဖျားရောပဲ.. ဒီနေ့မှ နေပြန်ကောင်းတယ်… အကောင်းကြီးဟုတ်သေးဖူး… ဓာတ်ဆားသောက်နေရတုန်း..
အခုမှ plug-in လေးတွေ Fault Tolerance ရအောင်နဲ့ တခြားလိုတဲ့ syntax highlighting, SEO, security ပိုင်း ဆိုင်တာလေးတွေပေါ့.. လိုတာလေးတွေလောက် ထည့်တာကို memory limit 32 MB က မလောက်ဖူးဖြစ်ပီး Fatal Error ပြ ပြ နေတယ်… ဘယ်လိုလုပ်ရမယ်မှန်းလဲသိတယ်.. php.ini မှာ ပြင်ရမှန်းသိတယ်.. လူကလဲ နလံထဆိုတော့ ခေါင်းကလဲ သိပ်မကြည်သေးဖူး… မျက်စိကလဲ လျှမ်းပါ့… hosting က php.ini ကို edit လုပ်ခွင့်ပေးတာကို မမြင်ဖူး.. ခုတော့ 64 MB ပြောင်းထားလိုက်ပီ… အားလုံးအိုကေသွားပီ…
တစ်ခုပဲရှိတယ်.. permalink structure ပြောင်းလိုက်လို့ ပို့စ်အဟောင်းတွေကို RSS feed ကနေသွားရင်တော့ ရမှာဟုတ်တော့ဖူး… 404 Not Found ပြလိမ့်မယ်… ပြန်ရအောင်တော့ redirect နဲ့ ရအောင်စမ်းကြည့်ဦးမယ်… Log မှာ 404 Not Found link တွေ တက်လာရင်တော့ ချက်ချင်းပြန်လုပ်လို့ရပါတယ်…
ကျနော်ပဲ ကလိတာ လွန်သွားတာလား.. တစ်ယောက်ယောက်ပဲလုပ်သလားတော့ မသိဖူးဗျာ… ဒီမနက်နိုးတော့ ပို့စ်တင်မယ်ပေါ့ဆိုပီး ဝင်လိုက်တာ.. Installation step ဆိုပီးပေါ်လာတယ်.. အစကဟုတ်ဖူးနော်.. Blog Title နဲ့ email address ထည့်တဲ့နေရာကနေ.. သိလိုက်တယ်.. သွားပီလို့.. backup ရှိတယ်ပေါ့.. အေးဆေးပေါ့… တစ်ခုချင်း ပြန်သွင်းတာ.. ၅ ရက်နေ့က ဟာမှ ရတော့တယ်.. ရပီဆိုပီး အဟုတ်မှတ်နေတာ.. Read More လဲ နှိပ်ရော 404 Not Found ပေါ့ဗျာ.. permalink တွေဂေါက်ကုန်တယ်… အဲတော့လဲ ကောင်းတာပဲ.. အသစ်ပြန်လုပ်ချင်နေတာ.. အရင်ဟာလေးတွေ သံယောဇဉ် မပြတ်နိုင်လို့.. ခုတော့ အေးရော… ဘာမှရှိတော့ဖူး… :D
ဟူး… အသစ်တွေ RSS feed ကနေပြန်ရလို့တော်သေး. ကိုယ့်ဟာကို subscribe ပြန်လုပ်ထားတာ မှန်သွားတယ်.. :D