Sphere of Equanimity – Mya Than San (MP3s) …..

ကျွန်တော် ပြီးခဲ့တဲ့ ဝါတွင်းမှာ ရဟန်းဝတ်နဲ့ တရားစခန်း ဝင်ဖြစ်ခဲ့တယ်။ ဘာစိတ်ကူးပေါက်တယ် မသိဘူး.. အလိုလို ဝင်ချင်စိတ် ပေါက်လာတာနဲ့ ဝင်ဖြစ်သွားတာ.. အဲမှာ.. ကိုယ်ကခုမှ စဝင်ဖူး၊ အရင်ကလည်း ဗဟုသုတက နည်းဆိုတော့.. ဘုန်းကြီးခိုင်းတဲ့တိုင်းသာ လိုက်လုပ်နေရတယ်.. ဘာမှန်းကိုမသိဘူး.. အိမ်ကလာပေးတဲ့ တရားစာအုပ်တွေ ဖတ်တော့လည်း ခန္ဓာငါးပါးဆိုတာ ဘာမှန်းမသိ၊ နေ့လည်တိုင်း တရားနာရတော့လည်း ထိုနည်းလည်းကောင်းပဲ… မတတ်မနေရမို့သာ တတ်ပြီး ထိုင်နေရတယ်.. ညောင်းတာနဲ့ အိပ်ရေးပျက်တာပဲ အဖတ်တင်တယ်၊ ဘာမှ အသိမတိုး… တရားထိုင်ရင်လည်း ၁၅ မိနစ်လောက်ဆို ထပြေးချင်နေပြီ၊ အဲလိုနဲ့ တစ်ပတ်လောက် ကြာတော့ သူငယ်ချင်း ဦးဇင်းတစ်ပါးဆီမှာ ဒီစာအုပ်လေး သွားတွေ့တယ်။ ပထမတော့ နေ့လည်တရား တက်မနာချင်တာနဲ့ အကြောင်းပြကောင်းအောင် စာအုပ်ဖတ်မယ်ဆိုပြီး ယူလာပြီး ဖတ်ဖြစ်သွားတာ။ စာအုပ်က တကယ်ကို ကောင်းပါတယ်။ ကျွန်တော်တို့လို ခုမှစပြီး ဝိပဿနာတရား အားထုတ်တဲ့သူတွေဖို့ ရည်ရွယ်ပြီး ရေးထားတာပဲ။ ဝိပဿနာတရားစာအုပ် ဖတ်တဲ့အခါ၊ တရားနာတဲ့ အခါတွေမှာ မဖြစ်မနေ မြင်ရကြားရမယ့် ပါဠိစကားလုံးတွေ၊ မှတ်ပုံ မှားတတ်တာလေးတွေ၊ သတိထားရမယ့် အခြေအနေလေးတွေ ကို ရှင်းရှင်းလင်းလင်း ပြောပြထားတယ်။ အဲစာအုပ် ဖတ်ပြီးတဲ့နောက်မှာ တရားထိုင်ရတာ ပျော်လာတယ်၊ ထိုင်ချိန်လည်း ၁ နာရီကနေ ၂ နာရီ လောက်ထိ တိုးလာတယ်။ အဲလိုနဲ့ အစက တစ်ပတ်၊ ဆယ်ရက် ဝင်မယ့်ဟာကနေ တစ်လခွဲ ဝင်ဖြစ်သွားတယ်။ တော်တော်လည်း အကျိုးရှိပါတယ်။ စိတ်ဓာတ်တွေလည်း သိသိသာသာ ပြောင်းလာတယ်။ သည်းခံ တတ်လာတယ်။ ရောင့်ရဲ တတ်လာတယ်။ နေရထိုင်ရတာ အရင်ကထက် ပိုအဆင်ပြေလာတယ်။


အဝေးရောက်နေတဲ့ ကျွန်တော့် သူငယ်ချင်းတွေထဲမှာလည်း ဒီစာအုပ်ကို မဖတ်ဖူးသေးသူများရှိရင် ဖတ်နိုင်အောင် ဒီမှာ တင်ပေးလိုက်ပါတယ်။

သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ

အလှူအားလုံးတို့တွင် တရားအလှူသည် အမြတ်ဆုံးဖြစ်၏။

  • အတိတ်ခန္ဓာသို့လည်း အစဉ်မလိုက်ရာ၊ အနာဂတ်ခန္ဓာကိုလည်း မတောင့်တရာ၊ အတိတ်ခန္ဓာသည် ချုပ်ပြီးပြီ၊ အနာဂတ်ခန္ဓာသည်လည်း မရောက်လာသေး။
  • ပစ္စုပ္ပန်ဖြစ်သော သဘောတရားကို ထိုထို ဖြစ်ဆဲခဏ၌သာလျှင် ဝိပဿနာရှုသော ထိုပုဂ္ဂိုလ်သည် တွန့်တိုခြင်း၊ ပျက်စီးခြင်းမရှိသော ထို ဝိပဿနာ ရှုမှုကို အဖန်ဖန် ပွားများရာ၏။
  • အဘယ်သူသည် နက်ဖြန်၌ သေရမည်ကို သိနိုင်အံ့နည်း၊ ယနေ့ကပင် အားထုတ်သင့်သော ကုသိုလ်ကောင်းမှု အလုပ်ကို ပြုလုပ်သင့်၏။ ငါတို့မှာ များသော စစ်သည်ရှိသော ထိုသေမင်းနှင့် ချိန်းချက်ထားမှုသည် မရှိသည်သာတည်း။
  • ဤသို့ နေလေ့ရှိသော၊ လွန်စွာ အားထုတ်ခြင်းရှိသော၊ နေ့ညဥ့်ပတ်လုံး မပျင်းမရိ အားထုတ်သော ရဟန်းကို ‘ကောင်းသော ညဥ့်တစ်ညဥ့်ရှိသော ရဟန်း’ ဟူ၍ ကိလေသာငြိမ်းပြီးသော မြတ်စွာဘုရားသည် ဟောကြားတော်မူ၏။

ဒီမှာယူပါ။

part1
part2
part3
part4
part5
part6
part7

အပ်မိန်ရေ.. ရပြီနော်…. ငါ့ရဲ့ ကြွက်စုတ်ကြွက်နာကြောင့် ဒီလောက်ထိကြာသွားတာ။ ဟီး အဲ့ဒီ့ အကြောင်းလဲရေးရ ဦးမယ်။

Related Posts:

  • No Related Posts

1 Comment

  1. ahmeisoekyi says:

    အေးး ..အဲ့တုန်းက .. ငါက နင်တရားအလွန်ပေါက်ပီး… အပီးဝတ်လိုက်ပီတောင် ထင်နေတာ.. :D
    ခုလို အချိန်ကုန်ခံပီးး မျှဝေပေးတဲ့ အတွက်..
    နင်ကုသိုလ်တွေ အများကြီးရမှာပါ.. :)
    သာဓု..သာဓု..သာဓု ပါကွယ်..

Post a Comment

Your email is never published nor shared. Required fields are marked *

*
*