Category Archives: Meditation

Sphere of Equanimity – Mya Than San (MP3s) …..

ကျွန်တော် ပြီးခဲ့တဲ့ ဝါတွင်းမှာ ရဟန်းဝတ်နဲ့ တရားစခန်း ဝင်ဖြစ်ခဲ့တယ်။ ဘာစိတ်ကူးပေါက်တယ် မသိဘူး.. အလိုလို ဝင်ချင်စိတ် ပေါက်လာတာနဲ့ ဝင်ဖြစ်သွားတာ.. အဲမှာ.. ကိုယ်ကခုမှ စဝင်ဖူး၊ အရင်ကလည်း ဗဟုသုတက နည်းဆိုတော့.. ဘုန်းကြီးခိုင်းတဲ့တိုင်းသာ လိုက်လုပ်နေရတယ်.. ဘာမှန်းကိုမသိဘူး.. အိမ်ကလာပေးတဲ့ တရားစာအုပ်တွေ ဖတ်တော့လည်း ခန္ဓာငါးပါးဆိုတာ ဘာမှန်းမသိ၊ နေ့လည်တိုင်း တရားနာရတော့လည်း ထိုနည်းလည်းကောင်းပဲ… မတတ်မနေရမို့သာ တတ်ပြီး ထိုင်နေရတယ်.. ညောင်းတာနဲ့ အိပ်ရေးပျက်တာပဲ အဖတ်တင်တယ်၊ ဘာမှ အသိမတိုး… တရားထိုင်ရင်လည်း ၁၅ မိနစ်လောက်ဆို ထပြေးချင်နေပြီ၊ အဲလိုနဲ့ တစ်ပတ်လောက် ကြာတော့ သူငယ်ချင်း ဦးဇင်းတစ်ပါးဆီမှာ ဒီစာအုပ်လေး သွားတွေ့တယ်။ ပထမတော့ နေ့လည်တရား တက်မနာချင်တာနဲ့ အကြောင်းပြကောင်းအောင် စာအုပ်ဖတ်မယ်ဆိုပြီး ယူလာပြီး ဖတ်ဖြစ်သွားတာ။ [...]