ဘဝင်မကျမှုများ…

ဘာကြောင့်များ gmail အကောင့်တွေ့ရင် add ချင်ကြတာတုန်း.. လာ add လို့ ignore လုပ်ရင် ထပ် invite လုပ်ပြန်ရော.. အဲကျ အသိမှတ်လို့ accept ပေးလိုက်တော့လဲ Who??? တဲ့… ပြန်ပြောလိုက်ပါတယ် ကျနော် ဂူဂူးပါဆိုတော့… သိဖူးတဲ့… ပီးတော့လဲ ဘာမှထပ်ပြောတော့ဘူး.. အဲလိုမျိုးကတော့ အကုန် block ပဲ.. list ထဲ ရှုပ်တာရှိတာ..

အဲလို ကိုယ့်လာလာ အက်နေလို့ သောက်ညင်ကပ်လို့ တနေ့က address book ထဲရှိသမျှလို အကုန် အက်ပစ်လိုက်တယ်.. မှတ်ကရော.. အက်လို့သာအက်တာ.. စကားတော့ စမပြောဖူး.. ပြောချင်လို့အက်တာမှ မဟုတ်တာ အမြင်ကပ်လို့အက်တာကို.. အဲကျဘာဖြစ်တုန်းဆိုတော့.. လာပြန်ပီ.. အကောင့်ဘယ်ကရလဲတဲ့.. အမှန်တိုင်းပြောလိုက်တယ်.. ကျနော့ gtalk list ထဲမှာ သူဟာသူပေါ်နေတာလို့.. ဘေးမှာ invite ဆိုတာပါတယ်လို့.. အဲဒါလေးနှိပ်လိုက်တာလို့.. အဲကျ ဘာပြောလဲဆိုတော့ ဒီလိုပဲ ပြောကြတာပဲလေတဲ့.. ဘယ်နဲ့ သူတို့ဟာသူတို့ fwd တွေပို့၊ cbox တွေမှာချန်၊ နေရာတကာမှာ နာမည်ရေးချင်ကြပီးတော့.. ကိုယ်ကပဲ နောက်ကခိုးကြည့်တာလိုလို… ဘာလိုလို ညာလိုလို ပြောခံရသေး.. အကောင့်ဘယ်ကရလဲဆိုတာ  မေးစရာကို မလိုတဲ့မေးခွန်း… ဘယ်ကရတုန်း သိတော့လဲ ဘာမှလုပ်လို့ရတာလဲ မဟုတ်ဘဲနဲ့..

ပီးတော့ ဂူဂူးဆိုတာ မိန်းကလေးပဲ မှည့်တဲ့နာမည်လားဗျာ… ဒုက္ခပါပဲ.. လာလာအက်ပီး ကြူတဲ့လူကရှိသေး.. ယောက်ျားလေးပါ ပြောတော့လဲ မယုံဘူးလုပ်သေး..  The Goo Goo Dolls ဆိုတာလဲ ယောက်ျားလေး Band ပါ.. သူတို့ အယ်လဘမ်နာမည်ကလဲ A Boy Named Goo ပါ..

ပီးတော့ အင်တာနက်လာသုံးတဲ့လူတွေ.. သူတို့မှ နားမလည်တာ… အပြစ်တော့ မဆိုချင်ပါဖူး.. ဒါပေမယ့် စိတ်ညစ်လို့… သူ့ဟာသူ ကွန်နက်ရှင်လေးလို့ Request time out များနေလို့ gtalk ဝင်မရတာ မတက်တာကို စက် ၃ လုံးလောက်ပြောင်းပေးရသေး.. အဲလိုနဲ့ဆိုင်ပြောင်း ကွန်နက်ရှင်ကောင်းတဲ့ အချိန်နဲ့တိုးတော့ ဒီဆိုင်က မကောင်းဖူး ဟိုဆိုင်ကကောင်းတယ် လျှောက်ဖွသေး… ကိုယ်သေချာနားမလည်ရင် လျှေက်မပြောတာကောင်းဆုံးပဲ.. သူတို့စိတ်ကိုယ်ပိုင်တာလဲ မဟုတ်တော့ မတတ်နိုင်ဖူး… အဲပီးရင်ရှိသေးတယ်… သုံးမိနစ်ပဲကျော်သေးတယ်.. ပိုက်ဆံက ဘာလို့အဲလောက်ကျရတာလဲတဲ့.. ရှင်းပြပါတယ်… ၁ နာရီသုံးရာ ၁၀ မိနစ်ကို ၅၀ တက်ပါတယ်လို့.. ၁၀ မိနစ်ပြည့်အောင်ထပ်သုံးလိုက်ပါလို့.. လက်ခံတဲ့လူလဲ လက်ခံပါတယ်.. လက်မခံတဲ့လူတော့ ပြောလိုက်တယ်.. မိနစ်စွန်းကို အတိအကျ တွက်ပေးမယ်လို့.. အမ်းစရာတော့မရှိဖူး.. အတိအကျ ပေးနိုင်ရင်ပေးလို့.. အကြွေအခက်အခဲလဲ နားလည်ရဲ့သားနဲ့ကို.. ကပ်တာကို ပြောပြတာပါ… ပီးရင် Pfingo.. တစ်မိနစ် ၅၀ လောက်နဲ့ over sea လာပြောပီး.. ကြားလဲမကြားရဖူး.. ပိုက်ဆံကပေးရဦးမှာလားဆိုတာ လာသေးတာ..

ပီးတော့ ခုခေတ်ကလေးတွေ… ပညာရေးသောက်သုံးမကျတာရယ်.. မိဘတွေက အလုပ်မဟုတ်တာ အလုပ်လုပ်တာရယ်ကြောင့်… ကျူရှင်မှတို့ သင်တန်းမှတို့ဖြစ်လာတယ်.. ကိုယ့်အားကို မကိုးချင်တော့ဖူး.. စာတွေက ခက်တယ်လုပ်သေးတာ.. နိုင်ငံတကာအဆင့် ပညာရပ်ဆိုမှတော့ အင်္ဂလိပ်လိုသင်မှာပေါ့… ဆရာရှင်းပြတာ နားမလည်လို့တဲ့.. ဆရာက သူ့ဟာသူတောင်လည်နေတာတဲ့..  ဒါကလဲ ဆရာဆိုတာ သင်တတ်တဲ့ ဆရာရှိမယ်… အသင်ပြမကောင်းတဲ့ ဆရာရှိမယ်.. ဆရာရှင်းတာနားမလည်တော့ ကိုယ့်ဟာကိုဖတ်ပေါ့.. သင်ရိုးဆိုတာလဲ သူ့အဆင့်နဲ့သူ လုပ်ထားပီးသားပါ.. ပုံမှန် ဥာဏ်ရည်ရှိတဲ့လူတွေလိုက်နိုင်မယ့် အဆင့်လောက် လုပ်ပေးထားပီးသား.. အဓိကက ကိုယ်ကြိုးစားဖို့…. အဲဒါကျမလုပ်ပဲ.. တညည်းထဲ ညည်းနေကျတယ်..

လောလောဆယ်တော့ ဒီလောက်ပဲ.. နောက်မှ ထပ်ရေးမယ်..

Related Posts:

  • No Related Posts

3 Comments

  1. ရေးချက်ကတော့ကောင်းထှာ .. :-P

    • နည်းနည်း ပေါက်လာလို့ပါကွာ.. ဒါတောင် ကျန်သေးတယ်.. :-P

  2. ကိုဂျူး ဂျူး ကိုပေါက်ကွဲတာကိုကြည့်ပြီး ကွန်မန့်ပေးမို့ပါဆို ကွန်နက်ရှင်ကြောင့် ဆယ်ခါလောက်တင်နေရတယ် အနော်ပါ ပေါက်ကွဲလာဘီး ဟင်းးးးးးးး

Post a Comment

Your email is never published nor shared. Required fields are marked *

*
*