မေ့နေလို့ ခုမှ ခေါင်းထဲပေါ်လာတာ… ကျနော့် သူငယ်ချင်းရဲ့ အင်တာနက်ဆိုင်မှာဗျာ Windows 7 တင်ပေးထားတယ်.. DeepFreeze လဲတင်ထားတယ်.. အဲ VZO chat က new version တောင်းတဲ့ box က တက်တက်လာတော့ Dota ဆော့နေရင် ကျကျသွားလို့ VZO အသစ်တင်ရင်း စက်တစ်လုံးကို DeepFreeze ပြန်ဖမ်းဖို့မေ့ထားခဲ့တယ်ဗျ.. အဲမှာ ဝင်တာပဲ…
ဘယ်လိုဖြစ်လဲဆိုတော့ explorer တက်မလာတော့ဖူး.. screen အနက်ကြီးပဲပေါ်တယ်.. notepad ပွင့်တယ်.. ဘာမှတော့မပါဖူး.. notepad မှာ.. အဲလိုပဲရပ်နေတယ်.. safe mode လဲမရဖူး.. Task Manager ခေါ်မရဖူး… ကျန်တာဘာတွေ ဖြစ်သေးလဲတော့ explorer တက်မလာတာနဲ့ မသိလိုက်ဖူး.. အဲဒါနဲ့ ကျနော်လဲ သိပ်ဦးနှောက်ခြောက်ခံမနေဘူး.. full backup image ရှိနေတာပဲ ညမှ နောက်စက် တ်စ်လုံးနဲ့ ချိတ်ပီး ပြန်ဆွဲလိုက်မယ်ဆိုပီးထားတာ.. ကျနော့ ညီလေးတစ်ယောက်ရောက်လာပီး သူက စမ်းဦးမယ်ဆိုလို့ ကျနော်လဲ ဘလော့လာရေးနေတာ.. ရေးရင်းနဲ့ ဘယ်လိုလုပ်ရမယ်ဆိုတာ သတိရလို့ သူ့ကို သွားပြောတော့ ဆရာသမားက လုပ်တောင်ပီးနေပီ.. ကျနော်ပြောမယ့် အတိုင်းပါပဲဗျာ…
ဘယ်လိုလုပ်လဲဆိုတော့ သူ့ Pen drive တပ်လိုက်တယ်.. Notepad File -> Open ကနေ browse လုပ်ပီး Pen ထဲက Autoruns ကိုသွား run တယ်.. တွေ့ပီပေါ့ မမြင်ဖူးတဲ့ autorun registry value တွေ… သူလဲ မှတ်တောင်မနေတော့ဖူး.. အဲ value တွေ အကုန်ဖျက်ပစ်လိုက်တာပဲတဲ့.. အဲဒါကြောင့် ဘာမှန်းမသိလိုက်တာ.. သူပြောတာတော့ !!! ပါတယ်တယ်တဲ့ တစ်ခုက… နောက်တစ်ခုက aj2 ဘာဆိုလားတဲ့.. အဲ.. အဲဒါတွေ ဖျက်ပီး restart ချလိုက်တော့ ပြန်တက်သွားရော.. အဲကျမှတော့ ကျန်တဲ့ reg error တွေကို WinFix လေးနဲ့ အသာလေးလုပ်ရုံပေါ့.. ပီးတော့ system32, windows, program files, drive တွေရဲ့ root တွေထဲမှာ ဝင်စစ်ပေါ့.. စောစောကကောင် ဘာတွေ ပွားထားခဲ့လဲဆိုတာ.. ပွားထားခဲ့ရင်ဖျက်ပေါ့.. ကျနော်တို့ကတော့ system32, windows folder တွေထဲက ဖိုင်တွေ အလွတ်သာမရတာ.. မမြင်ဖူးတာရောက်နေရင်တော့ သိတယ်ဗျ.. အသာလေးဖျက်လိုက်ရုံပဲ..
ကဲ သူငယ်ချင်းတို့လဲ ကြုံရင်လုပ်လို့ရအောင်လို့ပါ.. အဲမေ့နေလို့ အစက screen အနက်ကြီးမို့လို့ Blue Screen of Death (BSoD) ရဲ့ နောက်ဆက် win 7 မှာဖြစ်နေတဲ့ Black Screen of Death လားလို့ google လိုက်သေးတယ်.. ဟုတ်ဖူးဗျ.. အဲ Black Screen of Death အကြောင်းလဲရေးရဦးမယ်… ကဲ ဒါပါပဲ ကျနော်တို့ အတွေ့အကြုံလေးပေါ့..